Sunday 6 May 2012
Window XP ရဲ့ လျှို့ဝှက်ချက်များ
1.ကိုယ့်ရဲ့Computer အကြောင်း
All Programs ထဲက Accessories menu မှာရှိတဲ့ Command Prompt ကိုသွားပါ။ ထို့နောက် systeminfo လို့ရိုက်ထည့်ပါ။ ကွန်ပျူတာသည် လက်ရှိအချိန် အပါအ၀င် အလွန်အသုံးတည့်သော အချက်အလက်များကိုဖေါ်ပြပါလိမ့်မည်။ ထိုအရာများကို Notepad ကိုအသုံးပြု၍ သိမ်းဆည်းထားလိုပါက info.txt ဟူ၍လည်း သိမ်းဆည်းထားနိုင်ပါပြီ။
2. File များကို Recycle Bin သို့မပို့စေဘဲနှင့် ချက်ချင်းဖျက်ပစ်နိုင်ပါတယ်။
Start menu ကိုသွားပါ။ Run ကိုရွေးချယ်ပြီး gpedit.msc ဟူ၍ရိုက်ပါ။ ပြီးလျှင် User Configuration, Administrative Templates, Windows Components, Windows Explorer ကိုရှာဖွေပြီးလျှင် Do not move deleted files to the Recycle Bin setting ကို ပြောင်းလဲရွေးချယ်လိုက်ပါ။ gpedit.msc ဟုရွေးချယ်ပြီးသောအခါ တက်လာမည့် အခြားသော system options ဆိုင်ရာ အချက်အလက်တွေကို ကျွမ်းကျင်သူတစ်ဥိးမဟုတ်ဘဲ ပြောင်းလဲခြင်းဖြင့် သင့်၏ ကွန်ပျူတာ ရပ်တန့်သွားစေနိုင်တာကိုတော့ သတိထားစေလိုပါတယ်။
3. Mouse ကို နှစ်ချက်လေးမျှ နှိပ်ရုံဖြင့် XP အလုပ်ရုံကြီးတစ်ခုလုံးကို သော့ခတ်လိုက်ပစ်လိုက်လို့ရပါတယ်
သင်၏ desktop ပေါ်မှာ mouse ၏ ညာဖက် click နှိပ်ကာ shortcut တစ်ခုကိုဖန်တီးပြီး သင့်စိတ်ကြိုက်အမည်ပေးပါ။ ထို့နောက် location field ထဲမှာ rundll32.exe user32.dll,LockWorkStation ဟူ၍ ရိုက်ထည့်လိုက်ပါ။ ထိုအရာပေါ်မှာ ဘယ်ဖက် click ၂ ချက်နှိပ်ကာ သော့ခတ်လို့ရသွားပါပြီ။ ဒါမှမဟုတ် Windows key နှင့် L ကိုတွဲနှိပ်ခြင်းအားဖြင့်လည်း သော့ခတ်လို့ရပါတယ်။
http://www.myanmarfamily.org/forum/images/smilies/7.gif http://www.myanmarfamily.org/forum/images/smilies/10.gif http://www.myanmarfamily.org/forum/images/smilies/9.gif http://www.myanmarfamily.org/forum/images/smilies/1.gif http://www.myanmarfamily.org/forum/images/smilies/1.gif http://www.myanmarfamily.org/forum/images/smilies/1.gif http://www.myanmarfamily.org/forum/images/smilies/4.gif http://www.myanmarfamily.org/forum/images/smilies/14.gif http://www.myanmarfamily.org/forum/images/smilies/28.gif Grin Wink http://www.myanmarfamily.org/forum/images/smilies/5.gifhttp://www.myanmarfamily.org/forum/images/smilies/girlkiss.gifhttp://www.myanmarfamily.org/forum/images/smilies/8.gif http://www.myanmarfamily.org/forum/images/smilies/5.gif http://www.myanmarfamily.org/forum/images/smilies/3.gif http://www.myanmarfamily.org/forum/images/smilies/21.gif http://www.myanmarfamily.org/forum/images/smilies/1.gif Tongue Cheesy Smiley Sad http://www.myanmarfamily.org/forum/images/smilies/19.gif
Windows XP ရဲ့ လျှို့ဝှက်ချက်
Folder option တို့ 
Hidden files function တို့ 
Tesk Manager တို့ 
Run command တို့ 
Window Firewall တို့ 
Show Desktop တို့ 
Show Task bar တို့ 
အလုပ်မလုပ်၊ မပေါ်ပဲပျောက်သွားတာတို့ ကို ကုစားပေးတာပါ.. တစ်ခုခုကို ပြောင်းလိုက်ပြီးတိုင်း ကွန်ပြုတာကို ပိတ်ပြီးပြန်ဖွင့်ပေးရပါ့မယ်... ဘယ်မှာတင်ယမှန်းမသိတာနဲ့ ဒီမှာပဲတင်ပေးလိုက်တော့မယ်...
http://www.myanmarfamily.org/forum/images/smilies/7.gif http://www.myanmarfamily.org/forum/images/smilies/10.gif http://www.myanmarfamily.org/forum/images/smilies/9.gif http://www.myanmarfamily.org/forum/images/smilies/1.gif http://www.myanmarfamily.org/forum/images/smilies/1.gif http://www.myanmarfamily.org/forum/images/smilies/1.gif http://www.myanmarfamily.org/forum/images/smilies/4.gif http://www.myanmarfamily.org/forum/images/smilies/14.gif http://www.myanmarfamily.org/forum/images/smilies/28.gif Grin Wink http://www.myanmarfamily.org/forum/images/smilies/5.gifhttp://www.myanmarfamily.org/forum/images/smilies/girlkiss.gifhttp://www.myanmarfamily.org/forum/images/smilies/8.gif http://www.myanmarfamily.org/forum/images/smilies/5.gif http://www.myanmarfamily.org/forum/images/smilies/3.gif http://www.myanmarfamily.org/forum/images/smilies/21.gif http://www.myanmarfamily.org/forum/images/smilies/1.gif Tongue Cheesy Smiley Sad http://www.myanmarfamily.org/forum/images/smilies/19.gif
Windows XP
XP ရဲ့ ရိုးစင်းတဲ့ လျှို့ ဝှက်ချက်(၄၀)
 (၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့
Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။) ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0
ထားပါ။ ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။
 (၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။
(၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး ဖျက်ထုတ်ပစ်ပါ။ (အချို့  လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အကြောင်း ပြောလာတတ်ပါတယ်။)
 (၄) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
 - Start > Run box ကိုဖွင့်ပါ။
 - “Prefetch” လို့ ရိုက်ထည့်ပါ။
 - တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။
(၅) Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။
- All Program ကိုသွားပါ။
- Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean Up” ကို ကလစ်နှိပ်ပါ။ ၅ မိနှစ်အတွင်းမှာ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေ မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။ (ကိုယ်အနေနဲ့ အပြင်ကို ခဏတဖြုတ် သွားမယ့် အချိန်မျိုးတွေမှာ သိပ်အသုံးဝင်ပါတယ်။)
 (၆) မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။
- Start > Run
- “msconfig” လို့ရိုက်ပါ။
- “System configuration Utility” box ပေါ်လာပါမယ်။
- ညာဘက် အစွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။
- ကိုယ့်အတွက် အသုံးမ၀င်တဲ့ program တွေရဲ့  ရှေ့  မှာ အမှန်ခြစ် အမှတ် အသား လုပ်ထားခဲ့ရင် ပြန်ပြီး “uncheck” လုပ်ပေးပါ။
- Restart နဲ့ ပြန်စပါ။
Thursday 3 May 2012
ချမ်းသာသူတိုင်း မချမ်းသာ
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ပက်တန်ရပ်ကွက်တွင် ဂျွန်ဆင်အမည်ရှိ လူကြီးလူကောင်းတစ်ဦးရှိသည်။ ဂျွန်ဆင်သည် လူကုံထံ တစ်ဦးလည်းဖြစ်သည်။ သူဌေးကြီး ဂျွန်ဆင်၏အိမ်သည် ခမိးနားပြီး အဖိုးတန် ပန်းချီကားများ၊ ပရိဘောဂများ၊ ရှေးဟောင်း ကြွေထည်၊ငွေထည်များ၊ တူရကီ မွှေးပွကော်ဇောကြီးများဖြင့် ပြည့်နှက်နေသည်။ ဂျွန်ဆင်၏အိမ်သို့ အစိုးရအဖွဲ့ဝင်များ၊ အ၇ာရှိကြီးများ၊ သန်းကြွေသူဌေးများက အမြဲလိုလိုဝင်ထွက် နေကြသည်။ သူဌေးကြီး ဂျွန်ဆင်မှာ တယောဝိဇ္ဇာဟု လူသိများကာ အပေးအကမ်းရက်ရောသူဟု ထင်ရှားသူဖြစ်သည်။
၁၈၇၈-ခုနှစ် နိုဝင်ဘာလ ညတစ်ညတွင် လန်ဒန်မြို့ ဘက်လက်ဟိသ်ရပ်ကွက်၊ စိန်ဂျွန်းလမ်း၌ တာဝန်ကျသော ရဲသားတစ်ဦးက အိမ်တစ်အိမ်မှ ထွက်လာသည့် မသင်္ကာသူတစ်ယောက်ကိုတွေ့၍ လိုက်လံဖမ်းဆီးရာ သေနတ်ပစ်ခံရသည်။ သို့သော် ရဲသားသည် မသင်္ကာသူကို နံပါတ်ဒုတ်ဖြင့်ရိုက်ကာ ဖမ်းဆီးနိုင်ခဲ့သည်။
မသင်္ကာဖွယ်ရာလူသည် အဘယ်သူနည်း၊ လူကုံထံသူဌေးကြီး၊ တယောဝိဇ္ဇာ၊ အပေးအကမ်းရက်ရောသူဟု ထင်ရှားသော ဂျွန်ဆင်ဖြစ်နေသည်။  နာမည်ရင်းက ချားလ်ပိ။
ချားလ်ပိသည် ၁၈၇၆ ခုနှစ်က လူတစ်ဦးကို သတ်ခဲ့သည်။ စင်စစ် ချားလ်ပိသည် ဖောက်ထွင်းဝိဇ္ဇာကြီးဖြစ်သ်ည်။ ဖွတ်ထွက်မှ တောင်ပို့မှန်း သိကုန်ကြသည်။ လူတွေ့အံ့အားသင့်ကုန်ကြသည်။
ဂျွန်ဆင်ကို ပြစ်မူထင်ရှားသဖြင့် ၁၈၇၉ ခုနှစ်တွင် ကြိုးမိန့်ပေးလိုက်သည်။
လူမြင်ကွင်းတွင် ဂျွန်ဆင်က လူချမ်းသာ၊ သူဌေး။ နောက်ကွယ်တွင် ဖောက်ထွင်းဝိဇ္ဇာလုပ်နေသူ။ သူခိုး၊ သူခိုးမှ သူခိုးအကြီးစား။ မကောင်းသောအသက်မွေးဝမ်းကျောင်းဖြင့် ချမ်းသာနေသူ။
လူသားတိုင်းသည် ချမ်းသာလိုသူချည်းဖြစ်ကြသည်။ ချမ်းသာလိုသောကြောင့် စီးပွါးရှာကြသည်။ တချို့က မှန်မှန်ကန်ကန်၊ တချို့က မမှန်မကန်။
မမှန်မကန် စီးပွါးရှာပါက စီးပွါးဖြစ်မြန်သည်-ဟု လူတစ်ချို့က ထင်မှတ်ထားကြသည်။ မမှန်ကန်သော အသက်မွေးဝမ်းကျောင်းဖြင့် စီးပွါးရှာကြသည်။ အပြစ်မကင်းသော လုပ်ငန်းဖြင့် စီးပွါးရှာကြသည်။ ဥပဒေနှင့် မကင်းလွတ် ကြိုးတန်းလမ်းလျှောက် စွန့်စားကြသည်။ ငွေတော့ချမ်းသာသည်။ စိတ်တော့မချမ်းသာ။ လိပ်ပြာမသန့်။ ကျီးလန့်စာ စားပုံနှယ်။ ထို့ကြောင့် ချမ်းသာသူတိုင်း မချမ်းသာ -ဟု ဆိုရခြင်းဖြစ်သည်။
ဒါဆိုလျှင် မည်သို့သောနည်းဖြင့် ချမ်းသာသူသည် ချမ်းသာအစစ်ဖြစ်သနည်း။
လောကတွင် သူတစ်ပါးအသက်သတ်ဖြတ် ရောင်းဝယ်ခြင်း၊ လက်နက်ရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်းနှင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ခြင်းဟူသည့် အသက်မွေးဝမ်းကျောင်း ၅ မျိုးသည် မကောင်းသော အသက်မွေးဝမ်းကျောင်းများဖြစ်သည်ဟု ဗုဒ္ဓမြတ်စွာက ဟောကြားတော်မူခဲ့သည်။
အကြမ်းဖျင်းအားဖြင့် အကုသိုလ်မကောင်းမူနှင့်ယှဉ်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို မကောင်းသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သည်ဟု ဆိုရမည်။ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ လိမ်ညာပြောဆိုခြင်း၊ ကာမအမူ၌ မှားယွင်းစွာကျင့်ခြင်း၊ အရက်သေစာ သောက်စား ရောင်းဝယ်ခြင်း တို့သည် မကောင်းသော အသက်မွေးဝမ်းကျောင်းထဲတွင် ပါဝင်သည်။
အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် ဘဝကို ပိုင်စိုးသည်၊ ဘဝကို ပြဌာန်းသည်၊ လယ်လုပ်တော့ လယ်သမား၊ စာသင်တော့ ကျောင်းဆရာ၊ ငါးဖမ်းတော့ တံငါ၊ သားကောင်ဖမ်းတော့ မုဆိုး၊ ကားမောင်းတော့ ဒရိုင်ဘာ ဟု ခေါ်ကြသည်။
အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် ဘဝတွင် အရေးပါ အရာရောက်သောကြောင့် ဘဝကို ပြဌာန်းသည်ဟု ပြောရခြင်းဖြစ်သည်။
ကမ္ဘာကျော် လူငယ်ပြုပြင်ရေးသမားကြီး ရပ်ဆဲလ်ကွန်းဝဲလ် က - ချမ်းသာအောင် ကြိုးစားတဲ့နေရာမှာ ဂုဏ်သိက္ခာရှိသော၊ ဘာသာရေးနှင့် မဆန့်ကျင်သော နည်းလမ်းများနှင့် လုပ်ဖို့လိုတယ်။ အဲဒီနည်းလမ်းများဟာ ချမ်းသာမူပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့ အသေချာဆုံးနည်း၊ အမှန်ဆုံးနည်း၊ အမြန်ဆုံးနည်းဖြစ်လို့ပဲ- ဟုပြောခဲ့သည်။
မိမိ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် ဂုဏ်သိက္ခာရှိဖို့နှင့် ဘာသာရေးနှင့် မဆန့်ကျင်ဖို့ လိုအပ်သည်။ ရိုးရိုးသား ကြက်သတ်ပြီး ရောင်းဝယ်စားသောက်ခြင်းသည် ဂုဏ်သိက္ခာရှိပါသည်။ သို့သော် ဘာသာရေးအရ ကြီးစွာ အဟန့်အတားဖြစ်နေသည်။ ဘာသာရေးက သူတစ်ပါးအသက်ကို မသတ်ရဟု ဆိုထားသည်။ ထိုအခါ ကြက်သတ်ပြီး ရောင်းဝယ်ခြင်းသည် မှန်ကန်သော အသက်မွေးဝမ်းကျောင်း မဟုတ်တော့ပေ။ သူတစ်ပါးအသက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး မိမိဝမ်းတစ်ထွာ အရေးကို ဖြေရှင်းနေရသောကြောင့် ဖြစ်သည်။
ဘင်ဂျမင်ဖရန်ကလင်က- ကြီးပွါးချမ်းသာရေးနည်းက စကားနှစ်လုံးတည်းရှိတယ်၊ တစ်ခုက လုံ့လဝီရိယနှင့် ကြိုးစားရှာ၊ နောက်တစ်ခုက ခြိုးခြံရွေတာ- ဟု လမ်းညွန်ခဲ့သည်။
မှန်ကန်သောအသက်မွေးဝမ်းကျောင်းအလုပ်ကို လုံ့လဝီရိယရှိရှိနဲ့ ရိုးရိုးသားသား ကြိုးစားလုပ်ကိုင်ရမည်။ ပြီးတော့ ရလာသောငွေကို သုံးဖြုန်းမပစ်နှင့်။ ခြိုးခြံရွေတာရမည်။ ဒါမှ ကြီးပွါးချမ်းသာမည်။
မြတ်ဗုဒ္ဓက- တိုးတက်ကြီးပွါးချမ်းသာလိုသူသည် လုံ့လဝီရိယရှိရမည်။ ရပြီးသား စည်းစိမ်ဥစ္စာကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်။ မှန်ကန်သောအသက်မွေးဝမ်းကျောင်းဖြင့် ရှာကြံပြီး ဝင်ငွေ ထွက်ငွေ မျှတအောင် သုံးစွဲရမည်။ မိတ်ဆွေကောင်းနှင့် ပေါင်းသင်းရမည်- ဟု အချက်လေးချက်ပါဝင်သော ကြီးပွါးရေးတရားကို ဟောကြားတော်မူခဲ့သည်။
ဗုဒ္ဓမြတ်စွာ၏ ဝင်ငွေထွက်ငွေ မျှတအောင်သုံးစွဲနည်းကို ကြည့်ပါဦး။ မှန်ကန်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြင့် ရှာကြံ၍ရသော ဝင်ငွေကို လေးပုံပုံလိုက်ပါ။ တစ်ပုံကို သုံးရမည်။ တစ်ပုံကို အရေးပေါ်သုံးရန် စုဆောင်းထားရမည်။ နှစ်ပုံကို ထပ်မံရင်းနှီးမြုပ်နှံရမည်တဲ့။
ဗုဒ္ဓဟောကြားသလို လုပ်နိုင်ပါသလား။ လုပ်နိုင်ရင် ချမ်းသာပြီသာမှတ်။ ငွေလည်းချမ်းသာမည်။ စိတ်လည်း ချမ်းသာမည်။
အပြစ်ကင်းသော၊ အကုသိုလ် မကောင်းမူကင်းသော အလုပ်ဖြစ်သည့် မှန်ကန်သောအသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြင့် အသက်မွေးနေခြင်းကပင် ချမ်းသာနေပါပြီ။ မျက်မှောက်ပစ္စုပ္ပန်မှာ အဓိကကျသော မကောင်းမူ အကုသိုလ်လုပ်ငန်းများမရှိတော့၍ စိတ်သောကအေးနေရပါပြီ။
မကောင်းမူ အကုသိုလ်နှင့်ယှဉ်သော အသက်မွေးဝမ်းကျောင်းအလုပ်များကား ဆင်းရဲလျှင်ဆင်းရဲ၊ ချမ်းသာလျှင် ချမ်းသာစေကာမူ စိတ်ချမ်းသာမူကတော့ နည်းပါသည်။ စိတ်မချမ်းသာမူနှင့် နေ့စဉ် ကြုံတွေ့ခံစားနေရမည် ဖြစ်သည်။
မကောင်းမူဖြင့် အသက်မွေးသူသည် မိမိလုပ်ဆောင်နေသော မကောင်းမူ အကုသိုလ်လုပ်ငန်းကို မိမိလိပ်ပြာ သန့်မည်မဟုတ်ပါ။ မိမိလုပ်ဆောင်နေသော မကောင်းမူအကုသိုလ်ကို သူတစ်ပါးမသိကြစေကာမူ မိမိသိသောကြောင့် လိပ်ပြာမသန့်နိုင်ပါ။ စိတ်သန့်ရှင်းချမ်းသာမူ မရနိုင်ပါ။
ချမ်းသာသောလူဆိုးတစ်ယောက်၏ ဘဝထက် ဆင်းရဲသော လူကောင်းတစ်ယောက်၏ ဘဝက သာလွန်ကောင်းမွန် ချမ်းသာပါသည်။
ချမ်းသာခြင်းဆိုသည်မှာ ငွေကြေးချမ်းသာသည်ကို မဆိုလိုပါ၊ စိတ်ချမ်းသာဖို့ အဓိကဖြစ်သည်။ စိတ်ချမ်းသာမှ လူချမ်းသာဟု ခေါ်ဆိုနိုင်ပါသည်။ ငွေလည်းချမ်းသာ စိတ်လည်းချမ်းသာလျှင်တော့ အဘယ်မှာဆိုဖွယ်ရှိပါတော့အံ့နည်း။
ထို့ကြောင့် မှန်ကန်သောအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြင့် ငွေရှာပါ။ ခြိုးခြံရွေတာပါ။ ဝင်ငွေ ထွက်ငွေ မျှတအောင် သုံးစွဲပါ။ မိတ်ဆွေကောင်းနှင့် ပေါင်းသင်းပါ။ သူ့အကျိုး ကိုယ့်အကျိုးပြည့်စုံအောင် ပေးကမ်းလှူဒါန်းပါ။
ထိုအခါ ချမ်းသာပါလိမ့်မည်။
ထိုအခါ ချမ်းသာလိုသူတိုင်း ချမ်းသာလာပါလိမ့်မယ်။    (Flower news journal)
အနာကုလာစ ကမ္မန္တာ၊ ဧတံ မင်္ဂလမုတ္တမံ။  မရှုပ်ထွေးသော (ဥပဒေလွတ်ကင်း)အပြစ်ကင်းသော စီးပွါးရေးကို ကြိုးစားလုပ်ကိုင်ရှာဖွေနိုင်ခြင်းသည်လည်း ကြီးပွါးချမ်းသာကြောင်း အရည်အချင်းကောင်းတစ်ခု မင်္ဂလာတစ်ပါး ဖြစ်၏။